ဖိလိပ္ပိဩဝါဒစာ 2:14
သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။
1835 Judson Burmese Bible
In The King James Version
Do all things without murmurings and disputings:
In Context
15သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊
Cross References
Exodus 16:7နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
Psalms 106:25မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ၏။
Proverbs 15:17ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
Mark 9:33ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊
Acts 6:1ထိုကာလ၌ တပည့်တော်တို့သည် များပြားသည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ၏။
Acts 15:7များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။