ဖိလိပ္ပိဩဝါဒစာ 2:27
သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ့၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်း သနားတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 5:19သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
Psalms 30:10မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော။ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရ ဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်း လျှောက်ပါ၏။
Psalms 103:3သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
Ecclesiastes 9:1အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။
Isaiah 38:17အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
Jeremiah 8:18ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။