ဖိလိပ္ပိဩဝါဒစာ 4:14
သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။
1835 Judson Burmese Bible
In The King James Version
Notwithstanding ye have well done, that ye did communicate with my affliction.
In Context
13ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။
Cross References
2 Chronicles 6:8ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကိုပြုပြီ။
Romans 15:27စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။
Galatians 6:6နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
Philippians 4:18ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။
Hebrews 10:34ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။
3 John 1:5အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ်၏။