ဖိလိပ္ပိဩဝါဒစာ 4:17
ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။
1835 Judson Burmese Bible
In The King James Version
Not because I desire a gift: but I desire fruit that may abound to your account.
In Context
16သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ၏။
Cross References
Micah 7:1ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။
Matthew 10:40သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ၏။
Luke 14:12ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ် ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
John 15:16သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
Romans 15:28ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ ရှောက်၍ စပါနိပြည်သို့သွားမည်။
2 Corinthians 9:5ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။