Proverbs 10:7
တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
1835 Judson Burmese Bible
In The King James Version
The memory of the just is blessed: but the name of the wicked shall rot.
In Context
8လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
Cross References
2 Kings 19:34ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန် ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Job 18:17မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
Psalms 9:5တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသော သူတို့ကို ဖျက်ဆီး၍ သူတို့ နာမကိုကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။
Psalms 41:5ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
Psalms 109:15ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
Ecclesiastes 8:10ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။