Proverbs 11:18
မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
The wicked worketh a deceitful work: but to him that soweth righteousness shall be a sure reward.
In Context
17သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
Cross References
Psalms 126:5မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
Proverbs 5:22အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
Ecclesiastes 10:8တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
Hosea 10:2သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည်။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။
Galatians 6:8မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
James 3:18အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။