Proverbs 11:27
ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Esther 7:10ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။
Psalms 9:15တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
Psalms 57:6သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ။
Proverbs 22:9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။