Proverbs 11:29
မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 34:30ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊
1 Samuel 25:3ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
1 Samuel 25:38ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
Proverbs 15:27မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
Hosea 8:7လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။