Proverbs 12:1
နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
1835 Judson Burmese Bible
In The King James Version
Whoso loveth instruction loveth knowledge: but he that hateth reproof is brutish.
In Context
Cross References
Leviticus 13:10ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌ အသားစိုရှိလျှင်၎င်း၊-
Psalms 92:6တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊
Psalms 119:97ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။
Proverbs 2:10ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
Proverbs 8:17ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
Proverbs 9:7မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။