Proverbs 12:19
သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
1835 Judson Burmese Bible
In The King James Version
The lip of truth shall be established for ever: but a lying tongue is but for a moment.
In Context
Cross References
2 Kings 5:26ဧလိရှဲက၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
Psalms 52:4အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။
Proverbs 19:9မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
Matthew 24:35ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။