Proverbs 12:9
စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
1835 Judson Burmese Bible
In The King James Version
In Context
8လူသည်ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
10ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
Cross References
Proverbs 13:7အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။