Proverbs 14:16
ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
1835 Judson Burmese Bible
In The King James Version
A wise man feareth, and departeth from evil: but the fool rageth, and is confident.
In Context
17စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
Cross References
Genesis 42:18သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
1 Kings 19:2ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။
1 Kings 20:18စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ၏။
Job 1:1ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
Job 31:21ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊
Psalms 119:120ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။