Proverbs 14:5
သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
1835 Judson Burmese Bible
In The King James Version
A faithful witness will not lie: but a false witness will utter lies.
In Context
4နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
6မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
Cross References
Exodus 23:1သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
1 Kings 22:12ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
Proverbs 12:17မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
Proverbs 14:25မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။
Proverbs 19:9မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။