Proverbs 17:8
လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
7မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
Cross References
Genesis 32:14ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
Genesis 33:9ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
Exodus 23:8သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
1 Samuel 25:35သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
Psalms 18:16ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။
Psalms 21:13အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။