Proverbs 18:7
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
1835 Judson Burmese Bible
In The King James Version
A fool’s mouth is his destruction, and his lips are the snare of his soul.
In Context
6မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
8ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Cross References
Judges 11:35ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီ တကား။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီး။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော်၊
Psalms 64:8သို့ဖြစ်၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။
Proverbs 5:22အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
Proverbs 10:8လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
Proverbs 12:13စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
Proverbs 14:3မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။