Proverbs 19:7
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
6များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။
8ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
Cross References
Psalms 38:12အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။
Psalms 88:18ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။
Proverbs 14:20ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
Proverbs 19:4စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။
Proverbs 27:10ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
Luke 18:38ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။