Proverbs 20:19
လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်။
1835 Judson Burmese Bible
In The King James Version
In Context
20အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
Cross References
Psalms 101:5မိမိအိမ် နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။
Proverbs 13:3မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
Proverbs 18:8ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Proverbs 26:20ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။