Proverbs 21:10
မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
1835 Judson Burmese Bible
In The King James Version
The soul of the wicked desireth evil: his neighbour findeth no favour in his eyes.
In Context
9ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
Cross References
Psalms 36:4အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။
Psalms 52:3သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။
Psalms 112:9သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
Proverbs 12:12မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
Isaiah 32:6အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက် လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။
Mark 7:21လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊