Proverbs 22:11
စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
He that loveth pureness of heart, for the grace of his lips the king shall be his friend.
In Context
12ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
Cross References
Genesis 41:39ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။
Ezra 7:6ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ၏။
Esther 10:3ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။ ဧသတာဝတ္ထုပြီး၏
Psalms 101:6သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။
Proverbs 16:13ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
Daniel 3:30ဗာဗုလုန်နိုင်ငံတွင် ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ချီးမြှောက်တော်မူ၏။