Proverbs 22:16
ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
17သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
Cross References
Job 20:19ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
Proverbs 14:31ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
Proverbs 28:3ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
Micah 2:2သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။
Luke 6:33သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။
Luke 16:24အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။