Proverbs 22:5
သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Thorns and snares are in the way of the froward: he that doth keep his soul shall be far from them.
In Context
4စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
6သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
Cross References
Joshua 23:13သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Psalms 91:1အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
Proverbs 13:3မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
Proverbs 15:19ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
Proverbs 19:16ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။