Proverbs 24:21
ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။
1835 Judson Burmese Bible
In The King James Version
My son, fear thou the LORD and the king: and meddle not with them that are given to change:
In Context
20အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
22သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။
Cross References
Exodus 14:31ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။
1 Samuel 8:5ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။
1 Samuel 24:6ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
2 Samuel 18:8မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။
1 Kings 12:16ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
Proverbs 23:17အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။