Proverbs 26:1
နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
1835 Judson Burmese Bible
In The King James Version
As snow in summer, and as rain in harvest, so honour is not seemly for a fool.
In Context
Cross References
Judges 9:20သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
1 Samuel 12:17ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊-
Esther 4:6ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့၊ မြို့တော်လမ်းသို့သွား၍၊
Psalms 12:8ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။
Psalms 52:1အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။
Proverbs 19:10မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။