Proverbs 26:27
တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Whoso diggeth a pit shall fall therein: and he that rolleth a stone, it will return upon him.
In Context
28မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။
Cross References
Esther 7:10ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။
Psalms 7:15တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသော တွင်းထဲသို့ မိမိကျတတ်၏။
Psalms 9:15တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
Psalms 57:6သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ။
Proverbs 28:10ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
Isaiah 3:8ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။