Proverbs 29:16
မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
1835 Judson Burmese Bible
In The King James Version
When the wicked are multiplied, transgression increaseth: but the righteous shall see their fall.
In Context
Cross References
Psalms 37:34ထာဝရဘုရားကို မြော်လင့်၍၊ လမ်းတော်ကို ရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။
Psalms 58:10ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။
Psalms 92:9အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။
Psalms 112:8သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။
Revelation 15:4အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။