Proverbs 29:23
မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
A man’s pride shall bring him low: but honour shall uphold the humble in spirit.
In Context
22စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
24သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
Cross References
Deuteronomy 8:16သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊
2 Chronicles 33:10ထာဝရဘုရားသည် မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊
Job 22:29သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
Proverbs 11:2မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
Proverbs 16:18မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
Isaiah 2:11ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။