Proverbs 3:20
သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။
1835 Judson Burmese Bible
In The King James Version
By his knowledge the depths are broken up, and the clouds drop down the dew.
In Context
19ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဉာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။
21ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
Cross References
Genesis 1:9တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။
Genesis 27:28ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
Deuteronomy 33:28ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
Job 38:8သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
Psalms 65:9မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုဃ်းကို များစွာ ရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့ မြေကို ပြုပြင်ပြီးမှ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏။
Jeremiah 14:22သာသနာပလူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတု တို့တွင်၊ မိုဃ်းရွာစေနိုင်သော သူရှိပါသလော။ မိုဃ်းသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မြော်လင့်လျက်နေ ပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။