Proverbs 31:4
အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
1835 Judson Burmese Bible
In The King James Version
It is not for kings, O Lemuel, it is not for kings to drink wine; nor for princes strong drink:
In Context
Cross References
Leviticus 10:9သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊
1 Kings 20:12ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ၏။
Esther 1:10မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊
Proverbs 20:1စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
Ecclesiastes 10:17မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
Isaiah 28:7သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။