Proverbs 7:2
ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
1835 Judson Burmese Bible
In The King James Version
Keep my commandments, and live; and my law as the apple of thine eye.
In Context
1ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
3သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
Cross References
Deuteronomy 32:10လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
Psalms 119:144သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ ဉာဏ်ကိုပေးသနားတော်မူပါ။
Proverbs 4:13ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
Jeremiah 38:20ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော် မူမည်။
John 12:49အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။
John 15:14သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။