Psalms 109:1
အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
1835 Judson Burmese Bible
In The King James Version
Hold not thy peace, O God of my praise;
In Context
2မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
Cross References
Exodus 15:2ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။
Psalms 28:1အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
Psalms 83:1အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။
Psalms 118:28ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။
Jeremiah 17:14အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။