Psalms 109:17
သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 18:21ထာဝရဘုရားက၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး ၏ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
Psalms 59:12သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
Proverbs 14:14စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
Ezekiel 35:6အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
2 Thessalonians 2:10ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။