The Bible Software
bible.software › Psalms › Psalms 118 › Psalms 118:12

Psalms 118:12

ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။

1835 Judson Burmese Bible

In The King James Version

They compassed me about like bees; they are quenched as the fire of thorns: for in the name of the LORD I will destroy them.

In Context

11ငါ့ကိုဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။

13သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။

Read all of Psalms 118

Cross References

1 Samuel 17:45ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။

1 Chronicles 14:10ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

2 Chronicles 14:11အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊

2 Chronicles 20:17သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း မရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တက်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့် ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။

Psalms 8:9အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတပြင်လုံး၌ အလွန်ကြီး မြတ်တော်မူသတည်း။

Psalms 20:5ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 118:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 118:11Psalms 118Psalms 118:13 →