Psalms 119:59
ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။
1835 Judson Burmese Bible
In The King James Version
I thought on my ways, and turned my feet unto thy testimonies.
In Context
60ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။
Cross References
Jeremiah 8:4တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော။ လွဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။
Lamentations 3:40ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
Ezekiel 18:30သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
Ezekiel 33:19ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
Haggai 1:5ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
Luke 15:17ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။