Psalms 119:81
အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။
1835 Judson Burmese Bible
In The King James Version
My soul fainteth for thy salvation: but I hope in thy word.
In Context
80ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
Cross References
Job 19:27ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။
Psalms 73:26အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
Psalms 119:20စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။
Psalms 119:41အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။
Psalms 119:43စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။
Psalms 119:77ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။