Psalms 13:3
အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင်တော်မူပါ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည်။
1835 Judson Burmese Bible
In The King James Version
Consider and hear me, O LORD my God: lighten mine eyes, lest I sleep the sleep of death;
In Context
Cross References
1 Samuel 14:29ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။
Psalms 5:1အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။
Psalms 18:28အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
Psalms 31:7ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။
Jeremiah 51:39သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
Lamentations 5:1အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။