Psalms 135:5
ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
1835 Judson Burmese Bible
In The King James Version
For I know that the LORD is great, and that our Lord is above all gods.
In Context
6ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
Cross References
Psalms 48:1ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ၏။
Psalms 89:6အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
Psalms 96:4ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
Psalms 147:5ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဉာဏ်တော်သည်အနန္တဖြစ်၏။
Isaiah 40:25သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ၏။
Daniel 3:29ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြား သော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အားပြစ်မှားသော စကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော် ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှ မပြုနိုင် ဟု မိန့်တော်မူပြီးမှ၊