Psalms 144:13
အကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း၊ သိုးတို့ သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဘွားခြင်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 26:5စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။
Deuteronomy 7:13သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
Deuteronomy 28:4သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။
Psalms 107:37လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။
Luke 12:16တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။