Psalms 145:1
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။
1835 Judson Burmese Bible
In The King James Version
I will extol thee, my God, O king; and I will bless thy name for ever and ever.
In Context
2ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။
Cross References
1 Chronicles 29:13သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။
Psalms 5:3အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
Psalms 30:2အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ်၍၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ၏။
Psalms 34:1ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရ ဘုရားကို ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။
Psalms 45:1ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။
Psalms 47:6ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။