Psalms 18:12
ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
1835 Judson Burmese Bible
In The King James Version
At the brightness that was before him his thick clouds passed, hail stones and coals of fire.
In Context
13ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
Cross References
Exodus 19:9ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
2 Samuel 22:13ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
Psalms 104:2အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊
Habakkuk 3:4အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
Matthew 17:5ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။