Psalms 25:16
အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။
1835 Judson Burmese Bible
In The King James Version
Turn thee unto me, and have mercy upon me; for I am desolate and afflicted.
In Context
17အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။
Cross References
Psalms 60:1အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
Psalms 86:1အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏။
Psalms 88:15အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
Psalms 119:132နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။
Daniel 9:17ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ် တော်၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။
Mark 15:33မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။