Psalms 26:1
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
2အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။
Cross References
1 Samuel 2:9မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
2 Kings 20:3အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
Job 4:6သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
Psalms 7:8ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။
Psalms 21:7အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။
Psalms 25:21ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။