Psalms 31:11
အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
12မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။
Cross References
Job 19:13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
Psalms 38:11အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့်၊ ဝေးဝေးရပ် လျက်၊ ပေါင်းဘော်တို့သည်လည်း၊ ရှောင်လျက် နေကြ ပါ၏။
Psalms 64:8သို့ဖြစ်၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။
Psalms 88:8အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
Psalms 89:50အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။
Isaiah 53:3မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။