Psalms 34:21
မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသော သူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။
1835 Judson Burmese Bible
In The King James Version
Evil shall slay the wicked: and they that hate the righteous shall be desolate.
In Context
20သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူ သည်ဖြစ်၍၊ တချောင်းမျှမကျိုးမပဲ့ရ။
Cross References
Exodus 12:46တအိမ်တည်း၌ တကောင်ကိုစားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
1 Samuel 19:4ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
1 Kings 22:8ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
Psalms 20:8သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
Psalms 37:30ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။
Psalms 89:23သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။