Psalms 44:13
အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Thou makest us a reproach to our neighbours, a scorn and a derision to them that are round about us.
In Context
12ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
Cross References
Deuteronomy 28:37ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
Psalms 80:6အနီးအပါး၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။
Psalms 89:51အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။
Isaiah 52:3ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 48:27သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။