Psalms 44:9
သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
1835 Judson Burmese Bible
In The King James Version
But thou hast cast off, and put us to shame; and goest not forth with our armies.
In Context
8အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
10အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
Cross References
Psalms 60:1အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
Psalms 74:1အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။
Psalms 88:14အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
Psalms 108:11အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
Jeremiah 9:24ဝါးကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရ ဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Lamentations 3:31အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။