Psalms 49:19
သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
1835 Judson Burmese Bible
In The King James Version
He shall go to the generation of his fathers; they shall never see light.
In Context
20ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။
Cross References
Genesis 15:15သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။
Job 33:30သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
Ecclesiastes 3:21သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
Matthew 8:12နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
Luke 12:20ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။
Jude 1:13မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။