Psalms 68:10
ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Thy congregation hath dwelt therein: thou, O God, hast prepared of thy goodness for the poor.
In Context
9အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
11ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
Cross References
Numbers 16:3မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
Deuteronomy 26:9နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
1 Samuel 2:8ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။
Job 5:10မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
Psalms 65:10မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်း စီရင်ပြီးမှ၊ မိုဃ်းရွာသောအားဖြင့် ပြော့စေ၍၊ ပေါက်သော အပင်များကို ကောင်းကြီးပေးတော်မူ၏။
Psalms 74:1အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။