Psalms 71:15
ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
1835 Judson Burmese Bible
In The King James Version
In Context
14အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။
16အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
Cross References
Judges 5:11ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။
Psalms 22:22အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။
Psalms 35:28အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။
Psalms 40:6ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊
Psalms 40:12အကြောင်းမူကား၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
Psalms 71:8ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။