Psalms 78:61
တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ၎င်း၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ၎င်း စီရင် တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And delivered his strength into captivity, and his glory into the enemy’s hand.
In Context
60ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ၏။
62မိမိလူတို့ကိုလည်း ထားဘေး၌ အပ်၍၊ အမွေ တော်ကို အမျက်ထွက်တော်မူ၏။
Cross References
Exodus 40:34ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။
1 Samuel 4:17တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။
1 Samuel 6:1ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
Psalms 24:7အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။
Psalms 132:8အို ထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။