Psalms 78:9
ဧဖရိမ် အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
1835 Judson Burmese Bible
In The King James Version
The children of Ephraim, being armed, and carrying bows, turned back in the day of battle.
In Context
10ဘုရားသခင်၏ သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှါ အလိုမရှိကြ။
Cross References
Deuteronomy 1:41သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အား လျှောက်ဆိုလျက်၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့ တက်ခြင်း ငှါ အသင့်နေကြ၏။
Judges 9:28ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။
Judges 20:39ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
1 Samuel 31:1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
Psalms 78:57ဘိုးဘေးများကဲ့သို့ ဖေါက်ပြန်၍သစ္စာကို ဖျက် ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။